Monday, January 24, 2022

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

 ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ



********************************
ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံးမှာ ကျောက်စိမ်းအတုများဖြစ်သည်။
ကျောက်စိမ်းအတု (၅) မျိုးရှိသည်။
(၁) ကျောက်စိမ်းအရောင်(အရည်)အတု
(၂) ကျောက်စိမ်းအသားတု
(၃) ကျောက်စိမ်းအဆက်အတု
(၄) ကျောက်စိမ်းအခွံအတု
(၅) ကျောက်စိမ်းတုံး အတု
(၁) ကျောက်စိမ်းအရောင်(အရည်)အတု
-----------------------------------------
ကျောက်စိမ်းအရောင်(အရည်) ပြုလုပ်ရန် အလွန်လွယ်ကူပါတယ် ။ ကပ်ရည်ရှိသောကျောက် ၊ အရည်အသွေးမကောင်းပဲ ဖြူရော်ရော်အရောင်အဆင်းရှိသည့် ကျောက်စိမ်းများကို အရောင်ဆိုး အတုပြုလုပ်ကာ ဈေးခေါ်ရောင်းချကြသည်။



အရောင်ဆိုးရန်အတွက် ဒေါင်းသည်းခြေကို အသုံးပြုကြသည်။ ဒေါင်းသည်းခြေစိုစိုဖြင့် ကျောက်စိမ်းအသားကို ပွတ်တိုက်ပေးထားလျှင် ကျောက်ရည်ကျောက်သွေး စိမ်းစိုတောက်ပြောင်ရွှန်းလဲ့လာကာ သာလွန်အရည်အသွေးရှိ ကျောက်စိမ်းအဖြစ်သို့ရောက်ရှိသွားပါတယ် ။ ထိုအခါ ဈေးကောင်းရဖို့အတွက် ပြချက်ကောင်းမက်လုံးအဖြစ်သို့ အာရုံတက်စေသွားပါတယ် ။ လူတစ်ချို့ကတော့ ဒေါင်းသည်းခြေအစား လူသည်းခြေကို အစားထိုးအသုံးပြုကြသည်ဟုကြားဖူးနားဝတော့ရှိဖူးသည် ( မြင်တော့မမြင်ဖူးသေးပါ ) ။ တရုတ်ပြည်တွင် အသုံးများနိုင်သည်ဟု ကျွန်တော် သုံးသပ်ရမည်။
ဟောင်ကောင်နှင့် တရုတ်ပြည်တို့တွင် အရောင်မရှိသော ကျောက်များကို ဟင်းသီးဟင်းရွတ်များမှ ထုတ်လုပ်သော ဆိုးဆေးများဖြင့် အရောင်ဆိုးရောင်းကြသည် ။ ခရမ်းရောင်ကျောက် ( ချွမ်ကာလာ ) ကိုလည်း အရောင်ဆိုးတက်ကြသေးသည် ။
အခြား ဆေးဆိုးပြီး အရောင်ခြယ်သော ကျောက်များမှာ
(1) Opal ( ကြောင်မျက်ရွကျောက် / အသားမရှိ မွနေသောကျောက် )
(2) Lapis lazuli ( ကျောက်မျက်အဖြစ်အသုံးပြုသည့်အပြာရောင်ဓာတ်သတ္တု )
(3) Chrysoprase ( ပန်းသီးစိမ်းရောင်ရှိသော ကွာတ်ဇ်ကျောက်တစ်မျိုး )
(4) Crocidolite
တစ်ချို့သောကျောက်စိမ်းအတုလုပ်သူတို့ကမူ ကျောက်စိမ်းအသားကောင်းပြီး ၊ အရည်အသွေး ၊ အရောင်အဆင်းအလွန်ညံ့သော ကျောက်ရိုင်းတုံးကို သင့်တော်သောနေရာမှ အပေါက်ဖောက်၍ အလွန်စိမ်းသော ဖန်သားတုံးငယ် သို့မဟုတ် သွားတိုက်တံရိုး အစိမ်းရောင် ၊ သွားတိုက်ဆေးအစိမ်းရောင် စသည်တို့ကို ဖြတ်တောက်မြှပ်နှံထားကျသည် ။ ယင်းကျောက်စိမ်းတုံးအတုတွေမှာ မသိ သူ တွေ အတွက် တော့ မက်လောက်စရာကြီးဖြစ်နေတော့၏။
စစ်ဆေးနည်း
---------------
၄င်းဆေးဆိုးထားသော ကျောက်စိမ်း၏ ကျောက်သားသည် တစ်ပြေးညီမနေပဲ ကျောက်ရည်ပြတ်နေတက်သည်။ ကွက်နေတက်သည် ။ အရောင်မညီညာ ကြားနေတက်သည် ။ အနုကြည့် မှန်ဘီလူးဖြင့်ကြည့်လျှင် ကောင်းစွာမြင်ရပြီး အလွယ်တကူသိနိုင်သည် ။ ကြာလာလျှင်ဆေးဆိုးထားသောအရောင်များ ပြောင်းလဲလာကာပျေက်ကွယ်သွားတက်သည် ။ ငရဲမီး ၊ ရေနွေးပူပူတို့ဖြင့် ကြာကြာ စိမ်ကြည့်၊ထိကြည့်၊နှစ်ကြည့်လျှင် အရောင်ပျောက်ကွယ်သွားနိုင်သည် ။
(၂) ကျောက်စိမ်းအသားတု
-----------------------------
ကျောက်စိမ်းအသားတုကို ပလတ်စတစ်ဖြင့် ပြုလုပ်တက်ကျသေးပါတယ်။ ယင်းပလတ်စတစ်ဖြင့် ပြုလုပ်ထားသောကျောက်စိမ်းကို အတု၊အစစ် ခွဲခြားသိနိုင်ရန်မှာ ဓာတုဗေဒစိန် သို့မဟုတ် ဥဿဖရားကျောက်ဖြင့် ခြစ်ကြည့်လျှင် ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ကျောက်စိမ်းအတုဖြစ်ပါက မျက်နှာပြင်ပေါ်တွင် အစင်းများထင်လာပြီး ကျောက်စိမ်းအစ်ဖြစ်ပါက မည်သည်မျှပြောင်းလဲခြင်းမရှိပါ ။
ကျောက်စိမ်းအသားတုကို ဖန်ဖြင့်လည်း ပြုလုပ်တက်သေးပါတယ် ။ ယင်းဖန်ဖြင့်ပြုလုပ်ထားသော ကျောက်အသားအတုတွင်းကို သေချာကြည့်လျှင် အမြှုပ်ကလေးများ ၊ ပူသီဖောင်းငယ်ကလေးများ ရှိနေ၊ဖြစ်နေ သည်ကို တွေ့ရမှာပါ။
(၃) ကျောက်စိမ်းအဆက်အတု
------------------------------
ကျောက်စိမ်းအဆက်အတုဆိုသည်မှာ ကျောက်စိမ်းအရိုင်းတုံးတစ်တုံး၏ အတွင်းတွင် အသားကောင်းကောင်း ၊ အရည်ကောင်းကောင်း ရှိနိုင်သည်အထင်နှင့် ခွဲဖြတ်ကြည့်သောအခါ အတွင်း၌ မှန်းချက်နဲ့နှမ်းထွက် မကိုက်သည့်အခါ နဂိုအတိုင်းပြန်ဆက်ကာ တခြားသူကို တဆင့်ပြန်ရောင်းချချင်းကို ဆိုလိုသည် ။
ယင်းသို့ကျောက်စိမ်းကို အဆက်ပြုလုပ်ရာတွင် အဆက်ရာမတွေ့အောင် ပလာစတာနည်းဖြင့် ပြုလုပ်တက်ကျပါတယ်။
(၄) ကျောက်စိမ်းအခွံအတု
--------------------------
ကျောက်စိမ်းအခွံအတုဆိုသည်မှာ ကျောက်ရည်ကျောက်သား တနည်း မျိုးတန်းအလွန်ညံ့သော ကျောက်မျိုးကို ကျောက်ရည်ကျောက်သား တနည်းမျိုးတန်းရင့်နေသော ကျောက်မျိုးဖြစ်အောင် အခွံကိုအတုပြုလုပ်၍ ပြချက်မှာ( ကွမ်ချက်ဖော်၍) ဈေးခေါ်ရောင်းချကြပါတယ် ။ အခွံအတုပြုလုပ်ရာတွင် အကောင်းဆုံးအခွံများဖြစ်ကျတဲ့ သစ်တော်ခွံ ၊ အကာခွံ၊ မြေမှန်ခွံ စသည့်အခွံမျိုးအများဆုံးပြုလုပ်ကြပြီး အသားမှာသေချာကြည့်လျှင် ပွယောင်းယောင်း ဖြစ်နေသည်ကို သတိထားကြည့်မှ သိနိုင်ပါတယ် ။။
စစ်ဆေးနည်း
--------------
ကျောက်စိမ်းအခွံအတုကို စမ်းသက်စစ်ဆေးရာမှာ ရောင်းသူမှလာ၍ရောင်းချသော ကျောက်စိမ်းအရိုင်းတုံးကို မသင်္ကာလျှင် ကျောက်၏အခွံကို သံချောင်း၊ ကျောက်ကြည့်ဓာတ်မီးဖြင့် ခေါက်ကြည့်ပါက အသံမှာ မလုံသလိုလို ၊ မပီပြင်သလိုလို ဖြစ်နေသည်ကို ခံစားမိမှာပါ ။ သက်သည်းဖြင့် ဖဲ့ကြည့်ပါက အခွံတုမှာ အသာအယာကွာကျတက်ပြီး အခွံအစစ်မှာ ပဲ့ဖို့ရာ မလွယ်ကူပါဘူး ။ ကျောက်စိမ်းတုံးကို မိမိနှာခေါင်းဖြင့် နမ်းကြည့်ပါ ။ ကော်တစ်မျိုးမျိုးဖြင့် ကပ်ထားသဖြင့် ကော်အနံ့လိုလို၊ ကတ္တရာဆေးနံ့လိုလို ရနေပါလိမ့်မည်။
(၅) ကျောက်စိမ်းတုံးအတု
---------------------------
ကျောက်စိမ်းအတုံးအတုဆိုသည်မှာလည်း ကျောက်စိမ်းအခွံအတုပြုလုပ်ပုံနှင့် ခပ်ဆင်ဆင်ဖြစ်ပါတယ် ။ သူကတော့ ပကတိမြေကြီးထဲမှရသော အရောင်မှန်သည့် ကျောက်စိမ်းအခွံအရိုင်းတုံးများကို များသောအားဖြင့်ပြုလုပ်ကြပါတယ် ။ ယင်းကျောက်စိမ်းအခွံအရိုင်းတုံးများ အတွင်း၌ ကျောက်စီကျောက်သား လုံး၀မှ မပါရှိပါဘူး ။ ထိုသို့သော ကျောက်စိမ်းတုံးကြီးများကို အပေါက်ငယ်များထွင်းဖောက်၍ အရည်အသွေး ကောင်းသော ကျောက်သားများကို အနည်းငယ်စီ ၃၊၄ နေရာခန့် အပေါ်မှ မြှုပ်ထားတက်ကြပါတယ် ။ မသိသူတို့ကြည့်လိုတဲ့အခါမှာ အလွန်ပြချက်ကောင်းသော ၊ အလွန်မက်မောဖွယ်ကောင်းသော ကျောက်စိမ်းတုံး အတုကြီးဖြစ်နေပါတော့တယ် ။
အသေးစိတ်ကို သေချာကြည့်မယ်ဆိုရင် သဲလွန်စ အနည်းငယ်ကို တွေ့ရမည်ဖြစ်ပါတယ်။။
ကျွန်တော့မိတ်ဆွေများလည်း အရောင်းမှား၊အ၀ယ်မှားတွေ မဖြစ်ကျပဲ လောဘဇောအာရုံကို သတ်နိုင်ပြီး အောင်ကျောက်များပိုင်ဆိုင်ကြပါစေဗျာ။။ 🙏🙏🙏
ချစ်ခြင်းတရားဖြင့်
ဒိုမီဆို

Friday, January 21, 2022

Black Jade အ ကြောင်း သိကောင်းစရာ ...

 Black Jade အ ကြောင်း

သာမန် ကျောက်စိမ်းသည် နှစ် တသန်း ကြာပါလျင်
bj သည် သူ့မျိုးနွယ်ဝင်ဖို့ အနည်းဆုံး နှစ် ၂ သန်း ပိုကြာပါ သည်။
BJ အစစ်သည် မီးထိုးလျင် မီးမ ပေါက်တော့ပါ။ အဘယ့် ကြောင့်ဆိုသော် သူ့အ ရေသည် ဆွေးမြေ့ ခမ်းခြောက်သွား၍ ဖြစ်ပါသည်။ ထို့ကြောင့် မာခြင်း အဆင့်သည့် ပိုပါသည်။ လှခြင်း အဆင်းသည်လည်းပိုပါသည်။တန်ဖိုးလည်း ပိုကြီးပါသည်။ မြ မျိုးနွယ် ဝင်ဖြစ်သွားသည်ဟု ရှေး ကျောက်သမားများ ဆို ကြပါသည်။
BJ အဆင့်ကို မြန်မာ့ ကျောက်မျက် ရုံးက အဆင့် ၃ ခု ခွဲ သော်လည်း အရပ်မှ ၄ မျိုး ခွဲပါသည်။
သက်တမ်း အနုဆုံးမှ အရင့်ဆုံး အစဉ်လိုက်မှာ☝☝
၁ လန့်ဂျိတ် မီးထိုးသော် ပြာပြာလေး ပေါ်ပါသည်။
သက်တမ်းအနုဆုံးဖြစ်သည်။ စျေးက တော့ အ ရောင် နှင့် စျေး ကွက်ပေါ် မူတည်ပါသည်။
၂ လန့်ဂျိတ် မီးထိုးသော် စိမ်းပါသည်။ စိမ်းအား များပါသည်။သက်တမ်းအားဖြင့် ဒုတိယ အနုဆုံး ဖြစ်ပါသည်။ သို့သော် လူကြိုက် များ၍ စျေးကြီးပေးဝယ်ရပါသည်။
၃ BJ အမဲအား အလွန် ကောင်းပါသည်။မီးထိုး သော် စိမ်းပါသည်။သို့သော် စိမ်းအား မ ကောင်းတော့ပါ။ သက်တမ်းအားဖြင့် ပထမ ၂ ခုထက် ရင့်၍ အ ရေ ခမ်းလာပါပြီ။ လူကြိုက် က ဒုတိယ မျိုးလောက် မများပါ။
၄ BJ အစစ်ခေါ် BJ ဟု ကျောက်သမားများခေါ်ကြပါသည်။ မည်းနက် နေပြီး မီးထိုးလျင်လည်း ဘာအရောင်မှ မပြပါ။ BJ ထဲ တွင် သက်တမ်း အမြင့်ဆုံး၊ မာခြင်း အမြင့် ဆုံး အလှဆုံးသော တကယ့် ရတနာ ဖြစ်ပါသည်။ နိုင်ငံခြားသားများ အကြိုက်ဆုံးသော တကယ့်ရတနာ ဖြစ်ပါသည်။
ထို့ကြောင့် BJ ခေါ် Black Jade အမဲရောင် ကျောက်စိမ်းအား ဝယ်ယူရာတွင် သတိရှိပါရန် တန်ဖိုး သိကြပါရန် စေတနာထား တင်ပြခြင်းဖြစ်ပါသည်။
Crd poto


Tuesday, December 8, 2020

လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ကျော်က တောင်ကြီးတစ်ခုလုံးကိုထွင်းထုထားတဲ့ မြန်မာဗိသုကာပညာရှင်တွေရဲ့လက်ရာကိုဂုဏ်ယူစွာမြင်တွေ့ရမဲ့ ရွှေဘတောင်

 လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ ကျော်က တောင်ကြီးတစ်ခုလုံးကိုထွင်းထုထားတဲ့ မြန်မာဗိသုကာပညာရှင်တွေရဲ့လက်ရာကိုဂုဏ်ယူစွာမြင်တွေ့ရမဲ့ ရွှေဘတောင် 





H

ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက် ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်းဦးရွှေဘ မှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။ 



ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ 

ကျောက်သားများကိုထွင်းထုခဲ့ကျတယ်လို့

မှတ်သားရပါတယ်။ 


မြန်မာတို့ရဲ့စေတီဘုရားတွေဟာပုံမှန် အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာထွင်းထုထားပါတယ်။ 









ကျောက်သားနံရံများကို အင်္ဂတေ

လုံးဝမပါပဲမြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာစစ်စစ်တွေနဲ့သာ

ထွင်းထုထားပါတယ်။ 


ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ နာမည်ကြီး နေရာဖြစ်ပြီး ကျောက်နံရံကို 

ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ

ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်

လုပ်ထားပြီးအတွင်းမှာစေတီနှင့်ဘုရားများကို တည်ထားပါတယ်။ 




အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ

ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။ 


မုံရွာတစ်ဘက်ကမ်း

ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးကို ရောက်ဖြစ်ခဲ့ရင် ရွှေဘတောင်ကိုဝင်ပြီးမြန်မာ ဗိသုကာ လက်ရာများကိုဝင်ရောက်လေ့လာစေချင်ပါတယ် ခင်ဗျ 




အနည်းငယ် ပြင်ဆင်ရေးသားထားပါသည်။

Monday, December 7, 2020

ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ဘောက်သီး

 ဗောက်သီး (Cape Gooseberry)

-------------------------------------------------





 ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊

 ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊

ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊

ပြင်းထန်တဲ့ဝေဒနာအချို့ကနေကာကွယ်ပေးနိုင်ခြင်း၊

နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊

ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း တို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။


ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်း ဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။

ဗောက်သီးကနေရရှိနိုင်မယ့်

 ကျန်းမာရေးအကျိုးကျေးဇူးများ





ဆီးချို (Diabetes) 

ဗောက်သီးမှာ fructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်


ရောင်ရမ်းမှုကိုသက်သာစေခြင်း  

ဗောက်သီးမှာ polyphenol နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ 

အနာကျက်ဆေး၊ သန်ကျဆေး၊

ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊

ဝမ်းပျော့ဆေး၊

ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။


သွေးတိုးရောဂါ (Hypertension) ကိုထိန်းညှိ 

 ဗောက်သီးမှာ polyphenols ၊ 

carotenoidတို့လိုမျိုး phyto-chemical တွေနဲ့ သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ် ဓာတ်တွေသင့်တင့် မျှတစွာပါဝင်တာကြောင့် ဗောက်သီးက သွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ 


ထိုဇီဝဓာတု ဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။


အဆုတ်ကင်ဆာ (Lung Cancer)  

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရ ဗောက်သီးမှာ polyphenol နဲ့ carotenoid တွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။


 ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။


အာရုံကြောပြဿနာတွေကို သက်သာစေခြင်း  ဗောက်သီးမှာ free radical တွေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင် ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။


Htet Min Oo ဗီတာမင် အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြောင့် နေ့စဉ်လိုအပ်နေတဲ့ 

ဗီတာမင် -Aပမာဏကို လုံလောက်စွာ ထောက်ပံ့ပေးပါတယ်။


 ဗီတာမင် - A က မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။


အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း  

ဗောက်သီးမှာ ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့ pectin ပါရှိပါတယ်။


 ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။


ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း  

ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။

 ဗီတာမင် -C ကကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။


အသည်းကျန်းမာစေခြင်း  

ဗောက်သီးက ခန္ဓာကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။


နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis)  ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့ phyto-chemical အချို့ပါဝင်ပါတယ်။


အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 


ဗောက်သီးကို တစ်နေ့နှစ်ကြိမ် ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီး နေလို့သက်သာလာစေမှာဖြစ်ပါတယ်။


ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း  ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓာတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့် ကျောက်ကပ်ကိုကျန်းမာစေပါတယ်။


ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း  ဗောက်သီးမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ 


ဗောက်သီးက E. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။

ဗီတာမင် စီ ကြွယ်ဝခြင်း  ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။


 ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့် ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း( Strokes)၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်

Credit


Sunday, December 6, 2020

​ကျောက်စိမ်း နှင့် မှားယွင်းနိုင်သော ပလွန်/ပထော့

 ပလွန်ပထော့လို့ ခေါ်ကြတဲ့ albite ဒါမှမဟုတ် serpentine တွေက ကျောက်စိမ်းနဲ့အတူ တွဲထွက်သလို ကျောက်စိမ်းနဲ့အထင်အမြင် မှားတတ်လေ့ရှိပါတယ်




- albite တွေကတော့ အရောင်မဲ့ အဖြူရောင်အဖြစ် ပိုမိုတွေ့မြင်ရပြီး ကျောက်စိမ်းပေါလိ/ဘော်လီသားနဲ့ မှားလေ့ရှိပါတယ်

- ဂုဏ်သတ္တိအရ သိပ်သည်းဆရော အလင်းယိုင်ညွှန်းကိန်းကပါ ကွာခြားနေတော့ ခွဲခြားရ လွယ်ကူနေပါတယ်

- ကျောက်စိမ်းဖြစ်တည်မှုကလည်း သီးခြားမဟုတ်ဘဲ တခြားတွင်းထွက်တွေနဲ့ ရောနေလေ့ရှိတော့ ကျောက်စိမ်းတုံးထဲမှာဘဲ အရောအနေနဲ့ albite တွေ ပါဝင်နေတတ်ပါတယ် 

- serpentine တွေကလည်း ကျောက်စိမ်းနဲ့အတူ တွဲထွက်လေ့ရှိပါတယ် အသားကောင်းပြီးအရောင်လှတဲ့ bowenite serpentine တွေက ကျောက်စိမ်းနဲ့ အတော်လေးဆင်တူပါတယ် အစိမ်းရောင် အမဲရောင်(မီးထိုးရင်စိမ်း) တွေက ကျောက်စိမ်းနဲ့မကြာခဏဆိုသလို မှားယွင်းလေ့ရှိပါတယ်

- ပျော့တဲ့တွင်းထွက်ဖြစ်လို့ သံချောင်းဒါမမဟုတ် ခဲတံချွန်တဲ့ ဓားလေးနဲ့ ခြစ်ကြည့်ရုံနဲ့ ကျောက်စိမ်းမဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်

- ပြီးတော့ ပေါ့လည်းပေါ့တဲ့အတွက် ခွဲခြားရတာ လွယ်ကူပါတယ် လက်ကောက်ကွင်းတွေ ပန်းပုတွေလုပ်ကြပေမဲ့လည်း ရောင်လက်အားနဲ့ ကြံ့ခိုင်မှုက ကျောက်စိမ်းကို မမှီပါဘူး


ပလွန်/ပထော့လို့ ခေါ်လေ့ရှိကြတဲ့ albite နဲ့ serpentine တွေက ကျောက်စိမ်းနဲ့ ဆင်တူပေမဲ့ ကွာခြားတဲ့ ဂုဏ်သတ္တိတွေကြောင့် အလွယ်တကူ ခွဲခြားနိုင်ပါတယ်" xxx




(ငြင်းစရာမလိုအောင် non-jade ဆိုပြီးတာဘဲ)


အခေါ်အဝေါ်တွေနဲ့က တခါတလေ မငြင်းချင်သလို ပြဿနာလို့ မယူဆစေချင်ပါဘူး


တကယ့်မှော်ထဲကိုရောက်သွားတဲ့လူ အများစုက ကျောက်မျက်ပညာအခြေခံကို သင်မသွားရပါဘူး လက်ဆင့်ကမ်းရင်း ဆင်တူတာမှန်သမျှ သိမ်းကြုံးခေါ်တတ်သလို ဒေသအလိုက် ကွက်ရပ်အလိုက်တောင် မတူညီကြပါဘူး ဒါဟာပြဿနာတခုမဟုတ်သလို ပညာရှင်တွေဘက်က သင်ယူမှုတခုအနေနဲ့ ထပ်ဆောင်းလေ့လာလို့ ပေါင်းကူးတံတား လုပ်ပေးရမှာပါ သူတို့ရဲ့အခေါ်အဝေါ် အစွဲနဲ့ ဒေသယဉ်ကျေးမှုကို လေးစားပေးရမှာပါ မြို့ပေါ်ရောက်တဲ့အခါမှာတော့ နိုင်ငံတကာသုံးတဲ့ အသုံးအနူန်းနဲ့ ချိန်ထိုးလို့ ပြောပြပေး အလင်းပြပေးလို့ ပေါင်းကူးလေး ဖြစ်စေချင်ပါတယ်


ပညာရှင်တွေရေးတဲ့စာတွေမှာလည်း လက်တွေ့ဘဝလောကထဲလောက်မပြည့်စုံနိုင်ပါဘူး ဒေသအခေါ်အစွဲတွေနဲ့ သွေဖီနိုင်ပါတယ် ဒါပေမယ့် သိပ္ပံနည်းကျလေ့လာရေးသားတာတွေ ဖြစ်လို့ လေးစားလက်ခံရမယ့်အပိုင်းတွေဆိုတာကတော့ အသေအချာပါဘဲ ပြန့်ကျဲနေတဲ့တချို့ကိစ္စတွေကို စနစ်တကျ အားလုံးလက်ခံနိုင်အောင်တော့ ပေါင်းကူးပေးဖို့မလွယ်ကူနိုင်ပါဘူး ဇွတ်ငြင်းနေတဲ့သူတွေနဲ့ဆိုရင် ပိုလို့တောင်ဆိုးနေမှာပါ


ကျောက်စိမ်းရဲ့ပင်ကိုယ်သဘာဝက အခြားကျောက်တွေနဲ့

ရောနေလေ့ရှိတာ ပညာရှင်တွေရော ဒေသခံတွေရော သိနှင့်ပြီးသားပါ

ဘာတွေရောသလဲဆိုတာကို ပြန်လေ့လာကြည့်တော့ 

albite/ serpentine/ amphibole/ vesuvianite/ quartz/ aragonite/ calcite/ nepheline ....(ဒေသတခုနှင့်တခု ရောနှောပုံခြင်း ကွာခြားနိုင်ပါသည်)

စသဖြင့်များစွာတွေ့မြင်ရပါတယ်

ဒါကိုဒေသခံတွေက ကျောက်စိမ်းနဲ့ရောတဲ့ကျောက်တွေကို ပလွန် ပထော့ ပိတ်စိမ်းစသဖြင့်ခေါ်ဆိုနေကြသလို ကျောက်စိမ်းသက်တမ်းနုလို့ ပြောနေကြတာလည်း သူတို့အပိုင်းပေါ့ ဥပမာ တပိုင်းကကျောက်စိမ်းနောက်တပိုင်းက ဆာပန်တင်းဖြစ်နေခဲ့ရင် သူကမှမသိတာ ဒါပေမယ့်ကျောက်စိမ်းမဟုတ်လေတော့ သက်တမ်းနုလို့ သုံးလိုက်တာမျိုးပါ

ဒါဟာငြင်းခုန်လို့ကောင်းတဲ့အရာမဟုတ်သလို စေတနာထားပြုပြင်ဖို့လည်း အချိန်ယူရမှာပါ

သက်တမ်းနုတယ်ဆိုတဲ့စကားက ပညာရပ်မှာ လုံးဝလက်မခံပါ 

သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံးကို ဂါဝရပြုလျက် 

Admin Pyae Sone

မှီငြမ်း - ကျောက်စိမ်းနှင့်ဆင်တူရိုးမှားကျောက်မျက်များ စာအုပ်

Thursday, December 3, 2020

ကျောက်စိမ်း"အသား"အကြောင်းလေ့လာရအောင်ဗျာ

 "ကျောက်စိမ်း"အသား"အကြောင်းလေ့လာရအောင်

~အပေါ်ယံ(၁) "အခွံ" ၊၎င်းအောက်ရှိ(၂) "ခုန့်" ခေါ်

အမြှေးပါး ပြီးလျှင် (၃)"အသား"ရှိသည်။

~ကျောက်စိမ်းအသားကိုအမည်အမျိုးမျိုးသတ် မှတ်ထားသော်လည်း"အသားကောင်း"နှင့်

"အသားညံ့"ဟူ၍သာရှိသည်။

~အကောင်းဆုံးအသားမျိုး နှင့်အခြားအသား

အမျိုးမျိုးကိုဖော်ပြပေးထားပါသည်။





အကောင်းဆုံးအသား

~~~~~~~~~~~~


~"ဖလ်သား မှန်သား"ကဲ့သို့ ထိုးဖောက်ကြည်လင်

နေသောအသားကိုခေါ်သည်။

~ယင်း"ဖလ်သားမှန်သား"တွင်မည်သည့်"အရည်"

ဝင်သည်ဖြစ်စေကောင်း၏။

~"ဖလ်သားမှန်သား"ဟူသည်မှာ ကြည်လင်နေသော

"ရေ"နှင့်တူလေသည်။

~"စိမ်း နီ ဝါ ပြာ" မည်သည့်အရောင်ဆိုးသည်ဖြစ်

စေကြည်လင်နေမည်သာ။

~မသန့်ရှင်းသော"ရေနောက် ၊ရေစေး"တွင်ကား

မည်သည့်အရောင်ဆိုးသည်ဖြစ်စေ"ညစ်ထပ်"

နေမည်သာဖြစ်သည်။

~ကျောက်စိမ်း၏"အသား"မှာဤသဘောပင်ဖြစ်၏

~ကြည်လင်နေသော"ဖလ်သား မှန်သား"တွင်






"ပဲရည် ၊ လန့်ရည် ၊ ချွမ်ရည်" မည်သည့် "အရည် ၊

အရောင်"ပွင့်သည်ဖြစ်စေကြည်လင်ထင်ရှားနေ၏

~တရုတ်စကားဖြင့်"ပေါ်လိရွေး"ကို"ဘော်ဒီသား"

ဟုခေါ်ဆိုနေကြသည်။

(အသားမကောင်းလျှင်"အရည်"မကောင်းပါ။)





"အသား"အမျိုးမျိုးရှိသည်။


ကျောက်စိမ်း၏"အသား"ပေါ်တွင်"အရည်"တည်၏

ကျောက်သားကောင်းမှ"အရည်"လှသည်။


ဖလ်သားမှန်သား

~~~~~~~~~

~အကောင်းဆုံးအသားဖြစ်သည်။

~ဖလ်ကဲ့သို့ကြည်လင်နေသည်။


အသားညံ့

~~~~~

~ပိန်းဥသား အသားပိတ်ကိုခေါ်သည်။

~"ခွံကျပ်"လျှင်"အသား"ပျက်သည်။


ဖယောင်းသား

~~~~~~~

ဖယောင်းနှင့်တူသည်။


ပိန်းဥသား

~~~~~

ပိန်းဥကိုထက်ခြမ်းပိုင်းသည့်အခါမြင်ရသကဲ့သို့

ရှိသည်။(မကောင်း)


ငချိတ်သား

~~~~~~

ကောက်ညှင်းငချိတ်သားအတိုင်းဖြစ်သည်။


ပလွန် (ဆွေးမော်ဇေး)

~~~~~~~~~~~

~ "အသားထပ်"သည်"ဆတ်သည်"

~ ငါးရံ့သား(ဆွေးမော်ဇေး)ဟုလည်းခေါ်သည်။

~ အသားမကောင်း( သွေး၍မရ)


တိမ်ခိုးစစ်

~~~~~

~ တိမ်ခိုးကဲ့သို့"ပြာလဲ့လဲ့"ရှိသည်။


လန့်ပုတ်

~~~~

~ နက်ပြာသည် အသားမာသည်။


ချွမ်

~~~

~ ဗေဒါရောင် ၊ ခရမ်းပွင့်ရောင်။


ခဲရည်သား

~~~~~

~ ကျောက်စိမ်းနက်(Black Jade)ကိုခေါ်သည်။

~ သပိတ်ရောင်ဖြစ်သည်။


အသားမှိုင်း

~~~~~~

~ မီးခိုးရောင်ရှိသည်။


ခွာဆွေး

~~~~

~ အသားကောင်းသည်။


ကလန့်ဆွေး

~~~~~~

~ခဲရည်သားကိုခေါ်သည်။(အသားမည်း၏။)


နော်ဆွေး

~~~~~

~ "အသားပြာ" ကြည်လင်နေသည်။


ကန့်လန့်ဆွေး

~~~~~~~

~ဇီးဖြူသီးကဲ့သို့


ပရမံသား

~~~~~

~တိမ်ခိုးရောင်ကိုခေါ်သည်။


လန့်ခွာသား

~~~~~~

~အသားပြာဝါ ဖြစ်သည်။


လင့်ဆွေး

~~~~~

သကြားရောင်"အသားနောက်ကြည်"ရောင်ရှိသည်။


အဖြူဆန်း

~~~~~

~ အသားမာကျစ်သည်။


အဖြူပြာ

~~~~~

~ စိမ်းပြာပြာ ၊ စိမ်းဝါဝါ"အသားကောင်း၏။


ဆင်ဆင်လန့်

~~~~~~~

~ အသားအရည်မဟုတ် ၊ ထွေပိန်းနေသည်။


လန့်ဖရုံ

~~~~

~ စိမ်း ပြာ ဝါ အခိုးရောင်ကဲ့သို့။


ဖရုံသား

~~~~~

~စိမ်းပုတ်ပုတ်ရှိသည်။


လျံသား

~~~~

~အရောင်နက်သည်။


လျံဆွေး

~~~~~

~ ဝက်သားအဆီကဲ့သို့ရှိသည်။ကြည်သည်။

~အဝါရင့်သည်။


လျံတိမ်ခိုး

~~~~~

နီလာရောင်ပြာလဲ့လဲ့


ခုန်ဘိ

~~~

~ အနီရောင် အရည်မရှိ 

~တစ်လုံးလုံး "ခုန့် "စွဲနေသည်။

~ "ခွံဘိ"ဟုလည်းခေါ်သည်။


ကောင်း(၅)မျိုး

~~~~~~~~


၁ ။ မခွာလု = ပဲသား (စိမ်း)

၂ ။ မလုခွာ =ပရမံသား 

၃ ။ တွံခွာလု = တ်ိမ်ခိုးသား

၄ ။ လန့်လုခွာ =ဝက်သားဆီသား

၅ ။ လန့်ခွာရွှေ = ဖရုံသား


မကောင်း(၅)မျိုး

~~~~~~~~~


၁ ။ ပိန်းဥသား

၂ ။ မျောက်ဥသား

၃ ။ ကျောက်ရိုင်းသား

၄ ။ အသားတစ်

၅ ။ အသားကျပ် တို့ဖြစ်ကြသည်။


အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ


သင်/မြင်/ကြားဆရာများကိုအစဉ်ဂါရဝပြုလျက်

ကျောက်စိမ်းရတနာကျောက်မျက်ပညာမျှ၀ေရာ


"အရည်"အကြောင်းဆက်ဖော်ပြပေးသွားပါဦးမည်။


U's Post.Tgi.Crd;မူရင်း & Photo.

Wednesday, December 2, 2020

ကျောက်စိမ်း နဲ့ အသက်မွေးဝမ်းကြောင်းစမယ်ဆို သိထားသင့်တဲ့အခေါ်အဝေါများ

 

ကျောက်စိမ်း အခေါ်အဝေါများ

ကျောက်စိမ်းအား လေ့လာဆဲ သင်ယူဆဲသူတို့နှင့်

ဇဝေဇဝါ ဖြစ်နေသော ကျောက်စိမ်း အခေါ်ဝေါ်များအား

တတ်နိူင်သမျှ ဆွဲထုတ် နားလည်အောင်

ရှင်းလင်းရေးပြလိုက်ပါတယ်......

တရုတ်ခေါ်ဝေါ် အား တိုက်ရိုက် ခေါ်ဆို သုံးနူံးမူ့ကြုံတဲ့ခါမှာ..ပေါ့



...........................

ဘော်ဒီ/ဘော်လီ ဟုခေါ်ဆိုမူ့များပြားပြီး 

အမှန်စစ်က  တရုတ်လို အသံထွက် ပေါလိ...ပါ

ပေါလိ=ဖန်/မှန်.......ဖန်သားမှန်သားအလားတူ

..........................

လန့် = အပြာ

လု    = အစိမ်း

ဆွေး = အရည်(ရေ)

သို     = ပဲ

............................

ပဲရည်      = ပဲသီးစိမ်းအရာင်i

..............      

မန်း..ဆိုသည်လည်း...တရုတ်ခေါ်ဝေါ်မူ့

မန် = ပြည့်ဝခြင်း

................

ကွမ်ချက်.....ကွမ်ခြင်း

တရုတ်လို ....

ကွမ် = တောက်ပြောင်လင်းလက်ခြင်း အရောင်

.................

ကောက်ယော့ (ကပ်ရည် အပြားလိုက် အကွက်လိုက်)....

ပါးလွာစွာတည်ရှိခြင်း သဘောဆောင်သော


တရုတ်လို....

ကောက်ယော့ =ဖယောင်းချက်...ပလာစတာ ကဲ့သို့ 

အပေါ်ယံသာ ကပ်သုံးရသောဆေး ..

....................

ဆာဘိ........သဲပွင့်များအလား ပုံဆောင်ယမ်းအား ပီပြင်စွာ မြင်ရသော အခွံ

တရုတ်ခေါ်ဝေါ်.....

ဆာ ... သဲပွင့် (သဲပွင့်သဏ္ဍန် အစုအဝေး)

ဘိ(ဖိ)...အခြံ

......................

ရွှင် = တရုတ်ခေါ်ဆိုမူ့မှာ...ပွေး..ပွေးကွက် (လှိုက်စားသောဥပမာ)

ရွှင် = ရှင်း ဟုခေါ်ဆိုကြ

.............................

တီ.....တီစက် (အတွင်းသားသို့ ထွင်းဖေါက်မြင်နိုင်သော အစက်အပြောက်)

တရုတ်ခေါ်ဝေါ်.....

ဒီ(တီ) = အတွင်းရှိ အဆုံးသို့ (မူလအခံ)


ဖြစ်နိူင်ဖွယ်နောက်တချက်က...တင်(အစက်အပြောက်)

သို့သော် ....

တီစက်ဆိုသည်မှာ မီးထိုးလျင် အတွင်းသားသို့တိုင် 

လင်းပေါက်သော အစက်ပြောက်ဖြစ်ပါစေ။


...................

လေ့လာသင်ယူဆဲ သူတို့ လွယ်ကူစွာ သဘောပေါက် မြင်နိုင်ရေး

ကျန်ရှိသည်ကိုလည်း အလျဉ်းသင့်သလို ရေးသားပေးပါအုံးမယ်

အောင်မြင်ကြပါစေ။

မူရင်း Post - Than win (Steer man)

 လေးစားလျက်ပါ ဆရာ  # admin

Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...