Friday, January 21, 2022

Black Jade အ ကြောင်း သိကောင်းစရာ ...

 Black Jade အ ကြောင်း

သာမန် ကျောက်စိမ်းသည် နှစ် တသန်း ကြာပါလျင်
bj သည် သူ့မျိုးနွယ်ဝင်ဖို့ အနည်းဆုံး နှစ် ၂ သန်း ပိုကြာပါ သည်။
BJ အစစ်သည် မီးထိုးလျင် မီးမ ပေါက်တော့ပါ။ အဘယ့် ကြောင့်ဆိုသော် သူ့အ ရေသည် ဆွေးမြေ့ ခမ်းခြောက်သွား၍ ဖြစ်ပါသည်။ ထို့ကြောင့် မာခြင်း အဆင့်သည့် ပိုပါသည်။ လှခြင်း အဆင်းသည်လည်းပိုပါသည်။တန်ဖိုးလည်း ပိုကြီးပါသည်။ မြ မျိုးနွယ် ဝင်ဖြစ်သွားသည်ဟု ရှေး ကျောက်သမားများ ဆို ကြပါသည်။
BJ အဆင့်ကို မြန်မာ့ ကျောက်မျက် ရုံးက အဆင့် ၃ ခု ခွဲ သော်လည်း အရပ်မှ ၄ မျိုး ခွဲပါသည်။
သက်တမ်း အနုဆုံးမှ အရင့်ဆုံး အစဉ်လိုက်မှာ☝☝
၁ လန့်ဂျိတ် မီးထိုးသော် ပြာပြာလေး ပေါ်ပါသည်။
သက်တမ်းအနုဆုံးဖြစ်သည်။ စျေးက တော့ အ ရောင် နှင့် စျေး ကွက်ပေါ် မူတည်ပါသည်။
၂ လန့်ဂျိတ် မီးထိုးသော် စိမ်းပါသည်။ စိမ်းအား များပါသည်။သက်တမ်းအားဖြင့် ဒုတိယ အနုဆုံး ဖြစ်ပါသည်။ သို့သော် လူကြိုက် များ၍ စျေးကြီးပေးဝယ်ရပါသည်။
၃ BJ အမဲအား အလွန် ကောင်းပါသည်။မီးထိုး သော် စိမ်းပါသည်။သို့သော် စိမ်းအား မ ကောင်းတော့ပါ။ သက်တမ်းအားဖြင့် ပထမ ၂ ခုထက် ရင့်၍ အ ရေ ခမ်းလာပါပြီ။ လူကြိုက် က ဒုတိယ မျိုးလောက် မများပါ။
၄ BJ အစစ်ခေါ် BJ ဟု ကျောက်သမားများခေါ်ကြပါသည်။ မည်းနက် နေပြီး မီးထိုးလျင်လည်း ဘာအရောင်မှ မပြပါ။ BJ ထဲ တွင် သက်တမ်း အမြင့်ဆုံး၊ မာခြင်း အမြင့် ဆုံး အလှဆုံးသော တကယ့် ရတနာ ဖြစ်ပါသည်။ နိုင်ငံခြားသားများ အကြိုက်ဆုံးသော တကယ့်ရတနာ ဖြစ်ပါသည်။
ထို့ကြောင့် BJ ခေါ် Black Jade အမဲရောင် ကျောက်စိမ်းအား ဝယ်ယူရာတွင် သတိရှိပါရန် တန်ဖိုး သိကြပါရန် စေတနာထား တင်ပြခြင်းဖြစ်ပါသည်။
Crd poto


No comments:

Post a Comment

Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...