Sunday, December 6, 2020

​ကျောက်စိမ်း နှင့် မှားယွင်းနိုင်သော ပလွန်/ပထော့

 ပလွန်ပထော့လို့ ခေါ်ကြတဲ့ albite ဒါမှမဟုတ် serpentine တွေက ကျောက်စိမ်းနဲ့အတူ တွဲထွက်သလို ကျောက်စိမ်းနဲ့အထင်အမြင် မှားတတ်လေ့ရှိပါတယ်




- albite တွေကတော့ အရောင်မဲ့ အဖြူရောင်အဖြစ် ပိုမိုတွေ့မြင်ရပြီး ကျောက်စိမ်းပေါလိ/ဘော်လီသားနဲ့ မှားလေ့ရှိပါတယ်

- ဂုဏ်သတ္တိအရ သိပ်သည်းဆရော အလင်းယိုင်ညွှန်းကိန်းကပါ ကွာခြားနေတော့ ခွဲခြားရ လွယ်ကူနေပါတယ်

- ကျောက်စိမ်းဖြစ်တည်မှုကလည်း သီးခြားမဟုတ်ဘဲ တခြားတွင်းထွက်တွေနဲ့ ရောနေလေ့ရှိတော့ ကျောက်စိမ်းတုံးထဲမှာဘဲ အရောအနေနဲ့ albite တွေ ပါဝင်နေတတ်ပါတယ် 

- serpentine တွေကလည်း ကျောက်စိမ်းနဲ့အတူ တွဲထွက်လေ့ရှိပါတယ် အသားကောင်းပြီးအရောင်လှတဲ့ bowenite serpentine တွေက ကျောက်စိမ်းနဲ့ အတော်လေးဆင်တူပါတယ် အစိမ်းရောင် အမဲရောင်(မီးထိုးရင်စိမ်း) တွေက ကျောက်စိမ်းနဲ့မကြာခဏဆိုသလို မှားယွင်းလေ့ရှိပါတယ်

- ပျော့တဲ့တွင်းထွက်ဖြစ်လို့ သံချောင်းဒါမမဟုတ် ခဲတံချွန်တဲ့ ဓားလေးနဲ့ ခြစ်ကြည့်ရုံနဲ့ ကျောက်စိမ်းမဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်

- ပြီးတော့ ပေါ့လည်းပေါ့တဲ့အတွက် ခွဲခြားရတာ လွယ်ကူပါတယ် လက်ကောက်ကွင်းတွေ ပန်းပုတွေလုပ်ကြပေမဲ့လည်း ရောင်လက်အားနဲ့ ကြံ့ခိုင်မှုက ကျောက်စိမ်းကို မမှီပါဘူး


ပလွန်/ပထော့လို့ ခေါ်လေ့ရှိကြတဲ့ albite နဲ့ serpentine တွေက ကျောက်စိမ်းနဲ့ ဆင်တူပေမဲ့ ကွာခြားတဲ့ ဂုဏ်သတ္တိတွေကြောင့် အလွယ်တကူ ခွဲခြားနိုင်ပါတယ်" xxx




(ငြင်းစရာမလိုအောင် non-jade ဆိုပြီးတာဘဲ)


အခေါ်အဝေါ်တွေနဲ့က တခါတလေ မငြင်းချင်သလို ပြဿနာလို့ မယူဆစေချင်ပါဘူး


တကယ့်မှော်ထဲကိုရောက်သွားတဲ့လူ အများစုက ကျောက်မျက်ပညာအခြေခံကို သင်မသွားရပါဘူး လက်ဆင့်ကမ်းရင်း ဆင်တူတာမှန်သမျှ သိမ်းကြုံးခေါ်တတ်သလို ဒေသအလိုက် ကွက်ရပ်အလိုက်တောင် မတူညီကြပါဘူး ဒါဟာပြဿနာတခုမဟုတ်သလို ပညာရှင်တွေဘက်က သင်ယူမှုတခုအနေနဲ့ ထပ်ဆောင်းလေ့လာလို့ ပေါင်းကူးတံတား လုပ်ပေးရမှာပါ သူတို့ရဲ့အခေါ်အဝေါ် အစွဲနဲ့ ဒေသယဉ်ကျေးမှုကို လေးစားပေးရမှာပါ မြို့ပေါ်ရောက်တဲ့အခါမှာတော့ နိုင်ငံတကာသုံးတဲ့ အသုံးအနူန်းနဲ့ ချိန်ထိုးလို့ ပြောပြပေး အလင်းပြပေးလို့ ပေါင်းကူးလေး ဖြစ်စေချင်ပါတယ်


ပညာရှင်တွေရေးတဲ့စာတွေမှာလည်း လက်တွေ့ဘဝလောကထဲလောက်မပြည့်စုံနိုင်ပါဘူး ဒေသအခေါ်အစွဲတွေနဲ့ သွေဖီနိုင်ပါတယ် ဒါပေမယ့် သိပ္ပံနည်းကျလေ့လာရေးသားတာတွေ ဖြစ်လို့ လေးစားလက်ခံရမယ့်အပိုင်းတွေဆိုတာကတော့ အသေအချာပါဘဲ ပြန့်ကျဲနေတဲ့တချို့ကိစ္စတွေကို စနစ်တကျ အားလုံးလက်ခံနိုင်အောင်တော့ ပေါင်းကူးပေးဖို့မလွယ်ကူနိုင်ပါဘူး ဇွတ်ငြင်းနေတဲ့သူတွေနဲ့ဆိုရင် ပိုလို့တောင်ဆိုးနေမှာပါ


ကျောက်စိမ်းရဲ့ပင်ကိုယ်သဘာဝက အခြားကျောက်တွေနဲ့

ရောနေလေ့ရှိတာ ပညာရှင်တွေရော ဒေသခံတွေရော သိနှင့်ပြီးသားပါ

ဘာတွေရောသလဲဆိုတာကို ပြန်လေ့လာကြည့်တော့ 

albite/ serpentine/ amphibole/ vesuvianite/ quartz/ aragonite/ calcite/ nepheline ....(ဒေသတခုနှင့်တခု ရောနှောပုံခြင်း ကွာခြားနိုင်ပါသည်)

စသဖြင့်များစွာတွေ့မြင်ရပါတယ်

ဒါကိုဒေသခံတွေက ကျောက်စိမ်းနဲ့ရောတဲ့ကျောက်တွေကို ပလွန် ပထော့ ပိတ်စိမ်းစသဖြင့်ခေါ်ဆိုနေကြသလို ကျောက်စိမ်းသက်တမ်းနုလို့ ပြောနေကြတာလည်း သူတို့အပိုင်းပေါ့ ဥပမာ တပိုင်းကကျောက်စိမ်းနောက်တပိုင်းက ဆာပန်တင်းဖြစ်နေခဲ့ရင် သူကမှမသိတာ ဒါပေမယ့်ကျောက်စိမ်းမဟုတ်လေတော့ သက်တမ်းနုလို့ သုံးလိုက်တာမျိုးပါ

ဒါဟာငြင်းခုန်လို့ကောင်းတဲ့အရာမဟုတ်သလို စေတနာထားပြုပြင်ဖို့လည်း အချိန်ယူရမှာပါ

သက်တမ်းနုတယ်ဆိုတဲ့စကားက ပညာရပ်မှာ လုံးဝလက်မခံပါ 

သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံးကို ဂါဝရပြုလျက် 

Admin Pyae Sone

မှီငြမ်း - ကျောက်စိမ်းနှင့်ဆင်တူရိုးမှားကျောက်မျက်များ စာအုပ်

No comments:

Post a Comment

Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...