Monday, December 7, 2020

ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ဘောက်သီး

 ဗောက်သီး (Cape Gooseberry)

-------------------------------------------------





 ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊

 ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊

ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊

ပြင်းထန်တဲ့ဝေဒနာအချို့ကနေကာကွယ်ပေးနိုင်ခြင်း၊

နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊

ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်း တို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။


ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်း ဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။

ဗောက်သီးကနေရရှိနိုင်မယ့်

 ကျန်းမာရေးအကျိုးကျေးဇူးများ





ဆီးချို (Diabetes) 

ဗောက်သီးမှာ fructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်


ရောင်ရမ်းမှုကိုသက်သာစေခြင်း  

ဗောက်သီးမှာ polyphenol နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ 

အနာကျက်ဆေး၊ သန်ကျဆေး၊

ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊

ဝမ်းပျော့ဆေး၊

ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။


သွေးတိုးရောဂါ (Hypertension) ကိုထိန်းညှိ 

 ဗောက်သီးမှာ polyphenols ၊ 

carotenoidတို့လိုမျိုး phyto-chemical တွေနဲ့ သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ် ဓာတ်တွေသင့်တင့် မျှတစွာပါဝင်တာကြောင့် ဗောက်သီးက သွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ 


ထိုဇီဝဓာတု ဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။


အဆုတ်ကင်ဆာ (Lung Cancer)  

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရ ဗောက်သီးမှာ polyphenol နဲ့ carotenoid တွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။


 ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။


အာရုံကြောပြဿနာတွေကို သက်သာစေခြင်း  ဗောက်သီးမှာ free radical တွေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင် ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။


Htet Min Oo ဗီတာမင် အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြောင့် နေ့စဉ်လိုအပ်နေတဲ့ 

ဗီတာမင် -Aပမာဏကို လုံလောက်စွာ ထောက်ပံ့ပေးပါတယ်။


 ဗီတာမင် - A က မျက်လုံးကိုကျန်းမာစေပြီး ရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။


အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း  

ဗောက်သီးမှာ ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့ pectin ပါရှိပါတယ်။


 ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။


ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း  

ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓာကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။

 ဗီတာမင် -C ကကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။


အသည်းကျန်းမာစေခြင်း  

ဗောက်သီးက ခန္ဓာကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။


နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis)  ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့ phyto-chemical အချို့ပါဝင်ပါတယ်။


အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ 


ဗောက်သီးကို တစ်နေ့နှစ်ကြိမ် ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီး နေလို့သက်သာလာစေမှာဖြစ်ပါတယ်။


ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း  ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓာတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့် ကျောက်ကပ်ကိုကျန်းမာစေပါတယ်။


ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း  ဗောက်သီးမှာပါတဲ့ ဓာတ်တွေက ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ 


ဗောက်သီးက E. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။

ဗီတာမင် စီ ကြွယ်ဝခြင်း  ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။


 ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့် ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း( Strokes)၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်

Credit


No comments:

Post a Comment

Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...