Tuesday, December 1, 2020

ကျောက်စိမ်းအရိုင်းတုံး တလုံးကိုဘာတွေကြည့်ပြီး၀ယ်မလဲ

 ကျောက်စိမ်းအရိုင်းတုံး တလုံးကိုဘာတွေကြည့်ပြီး၀ယ်မလဲ 

-----------------------------------------------------

(၁) ယမ်း ကိုကြည့်မယ်

              ယမ်းကြမ်းလျင် အသားကြမ်းမယ်   ယမ်းညက်ရင်အသားချောမယ်  ယမ်းစိပ်ရင် အသားတင်းမယ်   ယမ်းကြဲရင်ကျောက်သားပျော့မယ် 

 ယမ်းပြားကိုရှောင်

(၂)         အခွံကိုကြည့်မယ်

 မြေမှန်၊အမဲကြော(ကုန်းကျောက်)မှာ အခွံညက်ခြင်း၊အခွံရွခြင်း၊အခွံညီခြင်းရှိလျင် အသားကောင်းသည်၊  အခွံကြပ်ခြင်း၊မညီခြင်း၊ချောခြင်းရှိလျင်  ကျောက်သားတန်းညံတတ်သည်

 ရေခွံမှာ   အခွံချောခြင်း၊အခွံညက်ခြင်း၊အဆီရှိလျင် အသားကောင်းသည်၊ အခွံကြမ်းခြင်း၊ မညီညာခြင်းရှိလျင်ကျောက်သားညံ့သည်။

(၃) မန်းကိုကြည့်မယ်

 ကောက်လျော့မန်းကိုရှောင် ရှင်းရောတဲ့အရေကိုရှောင် အပြာရိပ်ရှိသောအရေကိုရှောင်။အရေပွေး၊အရေပန်း၊အရေမန်း အားကောင်းလျင် အရည်၀င်နိင်သည်။

(၄) ခေါင်းကျောက်တလုံး အထိုင်ကိုကြည့်မယ်

 ကျောက်စိမ်းသည် ဖိအားမြင့်အသွင်ပြောင်းကျောက်ဖြစ်သဖြင့် ထောင့်ချိုးများရှိသောအထိုင်သည် ကျောက်သားကောင်းသည်။ကျောက်လုံး ကျောက်ပြားကိုရှောင်။

(၅) အဖျက်တွေကိုကြည့်မယ် (အဖျက်၃ခုအထက်ပါလျင် အဖျက်အားသည် ကျောက်၏ ၅ ပုံ ၁ပုံပါလျင် မ၀ယ်သင့်)

 အနာ- မြင်းမြှီးရိုက်။၀က်မျှင်၊ယို့နာ၊မိုင်းဒါဏ်၊လျိုနာ

 ရှင်း  - ရှင်းစိမ်း၊ရှင်းမဲ၊ကပ်ရှင်း၊ဆိုက်ရှင်း။

 အမဲရောင်အဖျက်များ - ငါးချိတ်၊ဖားမျက်စံ၊ဖြုတ်ချေး၊ခေ့(ခေါ်)့ခိ၊မောက်သား။

 ယမ်းဖျက်-ယင်ထောင်၊မာယား၊ခွေးရိုးထိုးယမ်းပြားများ ကိုရှောင်။

(၆) လုပ်ချက်ကိုကြည့်မယ်

 ဆေးချက်ကျန်လား ၊ ကွမ်ရမှာလား ၊ ဖြတ်ရမှာလား၊ လုပ်ချက်မကျန်ရင် ဒီတိုင်းရောင်ခွင်လှလား။

(၇) စျေးကိုချင့်ချိန်မယ်

 သူကဘယ်လောက်ရောင်းမှာလဲ...?

 အနည်းဆုံးစျေးဘယ်လောက်နဲ့ရောင်းမှာလဲ..?

 ကိုယ်က ဘယ်သူကိုပြန်ရောင်းမှာလဲ..?

 ဘယ်လိုင်းလဲ ...? 

ကိုယ်ရမယ့်စျေးထက်တ၀က်ကျော်နည်းမှ၀ယ်(ထောင်မြင်မှရာစွန့်)

 အရောင်း၀ယ်ကောင်းကြပါစေ။

မူရင်းရေးသားသူ - ကျောက်စိမ်း လုံးစွတ် ဖြတ်သားနှင့် အပွင့်ရောင်းဝယ်ရေး

ကျောက်စိမ်း အခွံအကြောင်း အနည်းငယ်လေ့လာရအောင်

 ကျောက်စိမ်း အခွံ အကြောင်း သိကောင်းစရာ

ကျောက်စိမ်း အခွံ ဟာ  အဓိက အားဖြင့် ရေခွံ နဲ့ကုန်းခွံ ဆိုပြီး (၂)မျိုး ရှိပါတယ် ။ အခွံ ရဲ ့အရောင်တွေ ပေါ်မှာ မူတည် ပြီး အသေးစိတ်ကို လည်း ရေးပါမယ် ။

ရေခွံ = ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင် များ မှ ထွက်ရှိတဲ့ ကျောက်ရဲ ့အခွံ ပါ ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ် ။ အရွယ်အစား အမျိုးမျိုး ရှိပါတယ် ။ ပြောင်ချော နေပါတယ် ။

ကုန်းခွံ = သူ ကတော့ တောင်တွေ ၊ မြေကြီးတွေ အောက် က တူးလို့ရတဲ့ ကျောက်ရဲ ့အခွံ ပေါ့ ၊

(၁) မြေမှန်        နဲ့

(၂)ကုဋေကျောက် ဆိုပြီး ကွဲပါတယ် ။

(၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ် ။ အခွံ အမျိုးမျိုး ရှိပါတယ် ။

(၂) ကုဋေကျောက် = ကျောက်ရဲ ့အခွံ က အခွံ မဲ ဖြစ်ပါတယ် ။ ချောကပ်နေတတ်ပါတယ် ။ ချောကပ်တယ် ဆိုတာ ၊ ကပ်တရာစေး ကပ်နေသလို ၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေ ပါတာ ကို ချောကပ် တယ် လို့ခေါ်တာပါ ။ မော်၀မ်းလေး ၊ မော်၀မ်းကြီး ၊ မော်မောင်းကုန်း  တို့မှ အဓိက ထွက်ပါတယ် ။

အခွံ များ မှာ

သံချေးခွံ = သံထည် ပစ္စည်း များ သံချေး တက်နေတဲ့ ပုံသဏ္ဌာန် မျိုး ဖြစ်နေတာပါ ။ ဒီလို အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ် ။ အခွံ ကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ် ပါတယ် ။

၀ါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်းနဲ့ တူပါတယ် ။ ကျောက်မျိုး ကောင်းတတ်ပါတယ် ။

သစ်တော်ခွံ သို့မဟုတ် အာလူးခွံ = သစ်တော်သီး ခွံ အရောင် (သို့) အာလူးသီး အခွံ အရောင်ပါ ၊ သူလည်း မျိုးကောင်းတတ်ပါတယ် ။

အင်္ဂတေခွံ = နာမည် အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သား ပျက်တတ်ပါတယ်  ။ မျိုးမကောင်းတတ်ပါ ။

ဖွဲနုခွံ = စပါးခွံ ဖွဲ အရောင်မျိုး ဖြစ်ပါတယ် ၊ အခွံက နုပါတယ် ။ အခွံ ကို လက်ချောင်းထိပ်လေး တွေ နဲ့ပွတ်ကြည့် ရင် နုပါတယ် ။

( ဒီနေ ရာ မှာ ဝါးဖတ်ခွံ ၊ ဖွဲနုခွံ နဲ့ဆက် လာမယ့် ဖွဲလတ်ခွံ ၊ ဖွဲကြမ်းခွံ ၊ မုံထုခွံ တို့ရဲ့အရောင်တွေ ဟာ ၊ စာထဲ မှာ အရ တူညီ နိုင်တာ ကို ဖတ်ရနိုင်ပါတယ် ။ ဒါပေမယ့် အပြင် မှာ တစ်ကယ်လက်တွေ့ ကျောက်ကို မျက်မြင် ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး ၊ အခွံ ရဲ့ မျက်နှာပြင် ကို လက်ချောင်းလေး တွေ နဲ့ ပွတ်သပ် စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )

ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင် ပါပဲ ။ အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ် ။

ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ ။

ဒီ ဖွဲနု ၊ ဖွဲလတ် ၊ ဖွဲကြမ်း  သုံးမျိုး လို့ပြောပေမယ့် ၊ အရောင် က အတူတူပါပဲ ၊ အခွံကို လက်ချောင်းလေးတွေ နဲ့ ပွတ်သပ် စမ်းမှ ကွဲသွားတာပါ ။  ဒီ ၃ မျိုး လုံး ဟာ မျိုးရင့်ရင် ကျောက် အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ် ။ မျိုးနု လျှင်တော့ အသားမရ တတ်ပါ ။

ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။

မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ် ။ မျိုးကောင်းတတ်ပါတယ် ။

မုံထု ခွံကြွေ = လက်နဲ့ကိုင်ကြည့် လိုက် ရင် အခွံ အစအန လေး တွေ ပါလာမယ် ။  မျိုးကောင်းတတ်ပါတယ် ။

ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ် ။

ခွံထူ = အခွံ မှာ သိသိသာသာ ထူနေတတ်ပါတယ် ။ အရည်အသား ကောင်းမကောင်း နဲ့တော့ မသက်ဆိုင်ပါ ။

ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ် ။ အသား ပျက်တတ်ပါတယ် ။

ခွံပျက် = ကျောက် တစ်တုံးထဲ ရဲ့ တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပါတယ် ။ အသားပျက်တတ်ပါတယ် ။

ဒါကတော့ အခွံ များရဲ  ့သဘော သဘာ၀ အကြောင်းပါ ။

ရေမဆေး ကျောက် ဆိုတာ မျိုးကို၀ယ်တော့မယ် ဆိုရင် ၊ သူ့ရဲ့ အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ၀ယ်ယူရပါတယ် ။

ဒီလောက် ဆိုရင် မိတ်ဆွေများ အခွံ အကြောင်း ကို အနည်းငယ် သိနားလည် ကြပါပြီ ။

Admin - geegy moony

Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...