Tuesday, December 1, 2020

ကျောက်စိမ်း အခွံအကြောင်း အနည်းငယ်လေ့လာရအောင်

 ကျောက်စိမ်း အခွံ အကြောင်း သိကောင်းစရာ



ကျောက်စိမ်း အခွံ ဟာ  အဓိက အားဖြင့် ရေခွံ နဲ့ကုန်းခွံ ဆိုပြီး (၂)မျိုး ရှိပါတယ် ။ အခွံ ရဲ ့အရောင်တွေ ပေါ်မှာ မူတည် ပြီး အသေးစိတ်ကို လည်း ရေးပါမယ် ။


ရေခွံ = ကျောက်စိမ်းထွက်ရှိရာ ဒေသရှိ ၊ မြစ်ချောင်း အင်းအိုင် များ မှ ထွက်ရှိတဲ့ ကျောက်ရဲ ့အခွံ ပါ ၊ များသောအားဖြင့် ရေခွံ ပါတဲ့ ကျောက်ဟာ အသားကောင်းပါတယ် ။ အရွယ်အစား အမျိုးမျိုး ရှိပါတယ် ။ ပြောင်ချော နေပါတယ် ။


ကုန်းခွံ = သူ ကတော့ တောင်တွေ ၊ မြေကြီးတွေ အောက် က တူးလို့ရတဲ့ ကျောက်ရဲ ့အခွံ ပေါ့ ၊

(၁) မြေမှန်        နဲ့

(၂)ကုဋေကျောက် ဆိုပြီး ကွဲပါတယ် ။


(၁) မြေမှန် = ကျောက်စိမ်း ထွက်ရာ ဒေသရှိ ကုန်းမြေ များမှ တူးဖော် ရရှိပါတယ် ။ အခွံ အမျိုးမျိုး ရှိပါတယ် ။


(၂) ကုဋေကျောက် = ကျောက်ရဲ ့အခွံ က အခွံ မဲ ဖြစ်ပါတယ် ။ ချောကပ်နေတတ်ပါတယ် ။ ချောကပ်တယ် ဆိုတာ ၊ ကပ်တရာစေး ကပ်နေသလို ၊ အခွံပေါ်မှာ မဲမဲပြောင်ပြောင်လေး တွေ ပါတာ ကို ချောကပ် တယ် လို့ခေါ်တာပါ ။ မော်၀မ်းလေး ၊ မော်၀မ်းကြီး ၊ မော်မောင်းကုန်း  တို့မှ အဓိက ထွက်ပါတယ် ။


အခွံ များ မှာ


သံချေးခွံ = သံထည် ပစ္စည်း များ သံချေး တက်နေတဲ့ ပုံသဏ္ဌာန် မျိုး ဖြစ်နေတာပါ ။ ဒီလို အခွံ ရှိရင် ကျောက် က မျိုးရင့်တတ်ပါတယ် ။ အခွံ ကို ဖြတ်ကြည့်ရင် အခွံ ၂ ထပ် ဖြစ်တတ် ပါတယ် ။


၀ါးဖတ်ခွံ = ဝါးဖတ် အရောင် အဆင်းနဲ့ တူပါတယ် ။ ကျောက်မျိုး ကောင်းတတ်ပါတယ် ။


သစ်တော်ခွံ သို့မဟုတ် အာလူးခွံ = သစ်တော်သီး ခွံ အရောင် (သို့) အာလူးသီး အခွံ အရောင်ပါ ၊ သူလည်း မျိုးကောင်းတတ်ပါတယ် ။


အင်္ဂတေခွံ = နာမည် အတိုင်း အင်္ဂတေ အရောင် ရှိပါတယ် ။ ကျောက်သား ပျက်တတ်ပါတယ်  ။ မျိုးမကောင်းတတ်ပါ ။


ဖွဲနုခွံ = စပါးခွံ ဖွဲ အရောင်မျိုး ဖြစ်ပါတယ် ၊ အခွံက နုပါတယ် ။ အခွံ ကို လက်ချောင်းထိပ်လေး တွေ နဲ့ပွတ်ကြည့် ရင် နုပါတယ် ။


( ဒီနေ ရာ မှာ ဝါးဖတ်ခွံ ၊ ဖွဲနုခွံ နဲ့ဆက် လာမယ့် ဖွဲလတ်ခွံ ၊ ဖွဲကြမ်းခွံ ၊ မုံထုခွံ တို့ရဲ့အရောင်တွေ ဟာ ၊ စာထဲ မှာ အရ တူညီ နိုင်တာ ကို ဖတ်ရနိုင်ပါတယ် ။ ဒါပေမယ့် အပြင် မှာ တစ်ကယ်လက်တွေ့ ကျောက်ကို မျက်မြင် ကြည့်ရင် အခွံအရောင် မတူညီကြပါဘူး ၊ အခွံ ရဲ့ မျက်နှာပြင် ကို လက်ချောင်းလေး တွေ နဲ့ ပွတ်သပ် စမ်းကြည့်မှ ကွဲပြား သိနိုင်ပါတယ် )


ဖွဲလတ်ခွံ = စပါးခွံ ဖွဲ အရောင် ပါပဲ ။ အခွံ ကို စမ်းကြည့်ရင် အခွံ က ကြမ်းပါတယ် ။


ဖွဲကြမ်းခွံ = အခွံ အကြမ်းဆုံးပါ ။


ဒီ ဖွဲနု ၊ ဖွဲလတ် ၊ ဖွဲကြမ်း  သုံးမျိုး လို့ပြောပေမယ့် ၊ အရောင် က အတူတူပါပဲ ၊ အခွံကို လက်ချောင်းလေးတွေ နဲ့ ပွတ်သပ် စမ်းမှ ကွဲသွားတာပါ ။  ဒီ ၃ မျိုး လုံး ဟာ မျိုးရင့်ရင် ကျောက် အရည်ကောင်း အသားကောင်း ဖြစ်တတ်ပါတယ် ။ မျိုးနု လျှင်တော့ အသားမရ တတ်ပါ ။


ဖယောင်းခွံ = ဖယောင်းရည် သုတ်ထားသလို ပြောင်ချောချော ဖြစ်ပါတယ် ။


မုံထုခွံ = သနပ်ခါး အရောင် ရှိပါတယ် ။ မျိုးကောင်းတတ်ပါတယ် ။


မုံထု ခွံကြွေ = လက်နဲ့ကိုင်ကြည့် လိုက် ရင် အခွံ အစအန လေး တွေ ပါလာမယ် ။  မျိုးကောင်းတတ်ပါတယ် ။


ခွံကြမ်း = ကိုင်ကြည့်ရင် အလွန်ကြမ်းတမ်းပါတယ် ။


ခွံထူ = အခွံ မှာ သိသိသာသာ ထူနေတတ်ပါတယ် ။ အရည်အသား ကောင်းမကောင်း နဲ့တော့ မသက်ဆိုင်ပါ ။


ခွံကျစ် = အခွံ မှာ ကျစ်လစ် သိပ်သည်းလွန်းတတ်ပါတယ် ။ အသား ပျက်တတ်ပါတယ် ။


ခွံပျက် = ကျောက် တစ်တုံးထဲ ရဲ့ တစ်နေရာ မှာ အခွံ တစ်မျိုး ၊ အခြား နေရာ မှာ အခွံ တစ်မျိုး ဖြစ်တာကို ခွံပျက် လို့ခေါ်ပါတယ် ။ အသားပျက်တတ်ပါတယ် ။


ဒါကတော့ အခွံ များရဲ  ့သဘော သဘာ၀ အကြောင်းပါ ။


ရေမဆေး ကျောက် ဆိုတာ မျိုးကို၀ယ်တော့မယ် ဆိုရင် ၊ သူ့ရဲ့ အခွံလေး ကို နဲနဲပွတ်တိုက်ကြည့် ၊ ပွတ်သပ်ကြည့်ပြီး မှ သေချာ လေ့လာ ၀ယ်ယူရပါတယ် ။


ဒီလောက် ဆိုရင် မိတ်ဆွေများ အခွံ အကြောင်း ကို အနည်းငယ် သိနားလည် ကြပါပြီ ။


Admin - geegy moony

4 comments:

  1. လက်ဆောင်ပေးမို့လား ကျောက်စိမ်းက

    ReplyDelete

Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...