Monday, January 24, 2022

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

 ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ



********************************
ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံးမှာ ကျောက်စိမ်းအတုများဖြစ်သည်။
ကျောက်စိမ်းအတု (၅) မျိုးရှိသည်။
(၁) ကျောက်စိမ်းအရောင်(အရည်)အတု
(၂) ကျောက်စိမ်းအသားတု
(၃) ကျောက်စိမ်းအဆက်အတု
(၄) ကျောက်စိမ်းအခွံအတု
(၅) ကျောက်စိမ်းတုံး အတု
(၁) ကျောက်စိမ်းအရောင်(အရည်)အတု
-----------------------------------------
ကျောက်စိမ်းအရောင်(အရည်) ပြုလုပ်ရန် အလွန်လွယ်ကူပါတယ် ။ ကပ်ရည်ရှိသောကျောက် ၊ အရည်အသွေးမကောင်းပဲ ဖြူရော်ရော်အရောင်အဆင်းရှိသည့် ကျောက်စိမ်းများကို အရောင်ဆိုး အတုပြုလုပ်ကာ ဈေးခေါ်ရောင်းချကြသည်။



အရောင်ဆိုးရန်အတွက် ဒေါင်းသည်းခြေကို အသုံးပြုကြသည်။ ဒေါင်းသည်းခြေစိုစိုဖြင့် ကျောက်စိမ်းအသားကို ပွတ်တိုက်ပေးထားလျှင် ကျောက်ရည်ကျောက်သွေး စိမ်းစိုတောက်ပြောင်ရွှန်းလဲ့လာကာ သာလွန်အရည်အသွေးရှိ ကျောက်စိမ်းအဖြစ်သို့ရောက်ရှိသွားပါတယ် ။ ထိုအခါ ဈေးကောင်းရဖို့အတွက် ပြချက်ကောင်းမက်လုံးအဖြစ်သို့ အာရုံတက်စေသွားပါတယ် ။ လူတစ်ချို့ကတော့ ဒေါင်းသည်းခြေအစား လူသည်းခြေကို အစားထိုးအသုံးပြုကြသည်ဟုကြားဖူးနားဝတော့ရှိဖူးသည် ( မြင်တော့မမြင်ဖူးသေးပါ ) ။ တရုတ်ပြည်တွင် အသုံးများနိုင်သည်ဟု ကျွန်တော် သုံးသပ်ရမည်။
ဟောင်ကောင်နှင့် တရုတ်ပြည်တို့တွင် အရောင်မရှိသော ကျောက်များကို ဟင်းသီးဟင်းရွတ်များမှ ထုတ်လုပ်သော ဆိုးဆေးများဖြင့် အရောင်ဆိုးရောင်းကြသည် ။ ခရမ်းရောင်ကျောက် ( ချွမ်ကာလာ ) ကိုလည်း အရောင်ဆိုးတက်ကြသေးသည် ။
အခြား ဆေးဆိုးပြီး အရောင်ခြယ်သော ကျောက်များမှာ
(1) Opal ( ကြောင်မျက်ရွကျောက် / အသားမရှိ မွနေသောကျောက် )
(2) Lapis lazuli ( ကျောက်မျက်အဖြစ်အသုံးပြုသည့်အပြာရောင်ဓာတ်သတ္တု )
(3) Chrysoprase ( ပန်းသီးစိမ်းရောင်ရှိသော ကွာတ်ဇ်ကျောက်တစ်မျိုး )
(4) Crocidolite
တစ်ချို့သောကျောက်စိမ်းအတုလုပ်သူတို့ကမူ ကျောက်စိမ်းအသားကောင်းပြီး ၊ အရည်အသွေး ၊ အရောင်အဆင်းအလွန်ညံ့သော ကျောက်ရိုင်းတုံးကို သင့်တော်သောနေရာမှ အပေါက်ဖောက်၍ အလွန်စိမ်းသော ဖန်သားတုံးငယ် သို့မဟုတ် သွားတိုက်တံရိုး အစိမ်းရောင် ၊ သွားတိုက်ဆေးအစိမ်းရောင် စသည်တို့ကို ဖြတ်တောက်မြှပ်နှံထားကျသည် ။ ယင်းကျောက်စိမ်းတုံးအတုတွေမှာ မသိ သူ တွေ အတွက် တော့ မက်လောက်စရာကြီးဖြစ်နေတော့၏။
စစ်ဆေးနည်း
---------------
၄င်းဆေးဆိုးထားသော ကျောက်စိမ်း၏ ကျောက်သားသည် တစ်ပြေးညီမနေပဲ ကျောက်ရည်ပြတ်နေတက်သည်။ ကွက်နေတက်သည် ။ အရောင်မညီညာ ကြားနေတက်သည် ။ အနုကြည့် မှန်ဘီလူးဖြင့်ကြည့်လျှင် ကောင်းစွာမြင်ရပြီး အလွယ်တကူသိနိုင်သည် ။ ကြာလာလျှင်ဆေးဆိုးထားသောအရောင်များ ပြောင်းလဲလာကာပျေက်ကွယ်သွားတက်သည် ။ ငရဲမီး ၊ ရေနွေးပူပူတို့ဖြင့် ကြာကြာ စိမ်ကြည့်၊ထိကြည့်၊နှစ်ကြည့်လျှင် အရောင်ပျောက်ကွယ်သွားနိုင်သည် ။
(၂) ကျောက်စိမ်းအသားတု
-----------------------------
ကျောက်စိမ်းအသားတုကို ပလတ်စတစ်ဖြင့် ပြုလုပ်တက်ကျသေးပါတယ်။ ယင်းပလတ်စတစ်ဖြင့် ပြုလုပ်ထားသောကျောက်စိမ်းကို အတု၊အစစ် ခွဲခြားသိနိုင်ရန်မှာ ဓာတုဗေဒစိန် သို့မဟုတ် ဥဿဖရားကျောက်ဖြင့် ခြစ်ကြည့်လျှင် ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော ကျောက်စိမ်းအတုဖြစ်ပါက မျက်နှာပြင်ပေါ်တွင် အစင်းများထင်လာပြီး ကျောက်စိမ်းအစ်ဖြစ်ပါက မည်သည်မျှပြောင်းလဲခြင်းမရှိပါ ။
ကျောက်စိမ်းအသားတုကို ဖန်ဖြင့်လည်း ပြုလုပ်တက်သေးပါတယ် ။ ယင်းဖန်ဖြင့်ပြုလုပ်ထားသော ကျောက်အသားအတုတွင်းကို သေချာကြည့်လျှင် အမြှုပ်ကလေးများ ၊ ပူသီဖောင်းငယ်ကလေးများ ရှိနေ၊ဖြစ်နေ သည်ကို တွေ့ရမှာပါ။
(၃) ကျောက်စိမ်းအဆက်အတု
------------------------------
ကျောက်စိမ်းအဆက်အတုဆိုသည်မှာ ကျောက်စိမ်းအရိုင်းတုံးတစ်တုံး၏ အတွင်းတွင် အသားကောင်းကောင်း ၊ အရည်ကောင်းကောင်း ရှိနိုင်သည်အထင်နှင့် ခွဲဖြတ်ကြည့်သောအခါ အတွင်း၌ မှန်းချက်နဲ့နှမ်းထွက် မကိုက်သည့်အခါ နဂိုအတိုင်းပြန်ဆက်ကာ တခြားသူကို တဆင့်ပြန်ရောင်းချချင်းကို ဆိုလိုသည် ။
ယင်းသို့ကျောက်စိမ်းကို အဆက်ပြုလုပ်ရာတွင် အဆက်ရာမတွေ့အောင် ပလာစတာနည်းဖြင့် ပြုလုပ်တက်ကျပါတယ်။
(၄) ကျောက်စိမ်းအခွံအတု
--------------------------
ကျောက်စိမ်းအခွံအတုဆိုသည်မှာ ကျောက်ရည်ကျောက်သား တနည်း မျိုးတန်းအလွန်ညံ့သော ကျောက်မျိုးကို ကျောက်ရည်ကျောက်သား တနည်းမျိုးတန်းရင့်နေသော ကျောက်မျိုးဖြစ်အောင် အခွံကိုအတုပြုလုပ်၍ ပြချက်မှာ( ကွမ်ချက်ဖော်၍) ဈေးခေါ်ရောင်းချကြပါတယ် ။ အခွံအတုပြုလုပ်ရာတွင် အကောင်းဆုံးအခွံများဖြစ်ကျတဲ့ သစ်တော်ခွံ ၊ အကာခွံ၊ မြေမှန်ခွံ စသည့်အခွံမျိုးအများဆုံးပြုလုပ်ကြပြီး အသားမှာသေချာကြည့်လျှင် ပွယောင်းယောင်း ဖြစ်နေသည်ကို သတိထားကြည့်မှ သိနိုင်ပါတယ် ။။
စစ်ဆေးနည်း
--------------
ကျောက်စိမ်းအခွံအတုကို စမ်းသက်စစ်ဆေးရာမှာ ရောင်းသူမှလာ၍ရောင်းချသော ကျောက်စိမ်းအရိုင်းတုံးကို မသင်္ကာလျှင် ကျောက်၏အခွံကို သံချောင်း၊ ကျောက်ကြည့်ဓာတ်မီးဖြင့် ခေါက်ကြည့်ပါက အသံမှာ မလုံသလိုလို ၊ မပီပြင်သလိုလို ဖြစ်နေသည်ကို ခံစားမိမှာပါ ။ သက်သည်းဖြင့် ဖဲ့ကြည့်ပါက အခွံတုမှာ အသာအယာကွာကျတက်ပြီး အခွံအစစ်မှာ ပဲ့ဖို့ရာ မလွယ်ကူပါဘူး ။ ကျောက်စိမ်းတုံးကို မိမိနှာခေါင်းဖြင့် နမ်းကြည့်ပါ ။ ကော်တစ်မျိုးမျိုးဖြင့် ကပ်ထားသဖြင့် ကော်အနံ့လိုလို၊ ကတ္တရာဆေးနံ့လိုလို ရနေပါလိမ့်မည်။
(၅) ကျောက်စိမ်းတုံးအတု
---------------------------
ကျောက်စိမ်းအတုံးအတုဆိုသည်မှာလည်း ကျောက်စိမ်းအခွံအတုပြုလုပ်ပုံနှင့် ခပ်ဆင်ဆင်ဖြစ်ပါတယ် ။ သူကတော့ ပကတိမြေကြီးထဲမှရသော အရောင်မှန်သည့် ကျောက်စိမ်းအခွံအရိုင်းတုံးများကို များသောအားဖြင့်ပြုလုပ်ကြပါတယ် ။ ယင်းကျောက်စိမ်းအခွံအရိုင်းတုံးများ အတွင်း၌ ကျောက်စီကျောက်သား လုံး၀မှ မပါရှိပါဘူး ။ ထိုသို့သော ကျောက်စိမ်းတုံးကြီးများကို အပေါက်ငယ်များထွင်းဖောက်၍ အရည်အသွေး ကောင်းသော ကျောက်သားများကို အနည်းငယ်စီ ၃၊၄ နေရာခန့် အပေါ်မှ မြှုပ်ထားတက်ကြပါတယ် ။ မသိသူတို့ကြည့်လိုတဲ့အခါမှာ အလွန်ပြချက်ကောင်းသော ၊ အလွန်မက်မောဖွယ်ကောင်းသော ကျောက်စိမ်းတုံး အတုကြီးဖြစ်နေပါတော့တယ် ။
အသေးစိတ်ကို သေချာကြည့်မယ်ဆိုရင် သဲလွန်စ အနည်းငယ်ကို တွေ့ရမည်ဖြစ်ပါတယ်။။
ကျွန်တော့မိတ်ဆွေများလည်း အရောင်းမှား၊အ၀ယ်မှားတွေ မဖြစ်ကျပဲ လောဘဇောအာရုံကို သတ်နိုင်ပြီး အောင်ကျောက်များပိုင်ဆိုင်ကြပါစေဗျာ။။ 🙏🙏🙏
ချစ်ခြင်းတရားဖြင့်
ဒိုမီဆို

Friday, January 21, 2022

Black Jade အ ကြောင်း သိကောင်းစရာ ...

 Black Jade အ ကြောင်း

သာမန် ကျောက်စိမ်းသည် နှစ် တသန်း ကြာပါလျင်
bj သည် သူ့မျိုးနွယ်ဝင်ဖို့ အနည်းဆုံး နှစ် ၂ သန်း ပိုကြာပါ သည်။
BJ အစစ်သည် မီးထိုးလျင် မီးမ ပေါက်တော့ပါ။ အဘယ့် ကြောင့်ဆိုသော် သူ့အ ရေသည် ဆွေးမြေ့ ခမ်းခြောက်သွား၍ ဖြစ်ပါသည်။ ထို့ကြောင့် မာခြင်း အဆင့်သည့် ပိုပါသည်။ လှခြင်း အဆင်းသည်လည်းပိုပါသည်။တန်ဖိုးလည်း ပိုကြီးပါသည်။ မြ မျိုးနွယ် ဝင်ဖြစ်သွားသည်ဟု ရှေး ကျောက်သမားများ ဆို ကြပါသည်။
BJ အဆင့်ကို မြန်မာ့ ကျောက်မျက် ရုံးက အဆင့် ၃ ခု ခွဲ သော်လည်း အရပ်မှ ၄ မျိုး ခွဲပါသည်။
သက်တမ်း အနုဆုံးမှ အရင့်ဆုံး အစဉ်လိုက်မှာ☝☝
၁ လန့်ဂျိတ် မီးထိုးသော် ပြာပြာလေး ပေါ်ပါသည်။
သက်တမ်းအနုဆုံးဖြစ်သည်။ စျေးက တော့ အ ရောင် နှင့် စျေး ကွက်ပေါ် မူတည်ပါသည်။
၂ လန့်ဂျိတ် မီးထိုးသော် စိမ်းပါသည်။ စိမ်းအား များပါသည်။သက်တမ်းအားဖြင့် ဒုတိယ အနုဆုံး ဖြစ်ပါသည်။ သို့သော် လူကြိုက် များ၍ စျေးကြီးပေးဝယ်ရပါသည်။
၃ BJ အမဲအား အလွန် ကောင်းပါသည်။မီးထိုး သော် စိမ်းပါသည်။သို့သော် စိမ်းအား မ ကောင်းတော့ပါ။ သက်တမ်းအားဖြင့် ပထမ ၂ ခုထက် ရင့်၍ အ ရေ ခမ်းလာပါပြီ။ လူကြိုက် က ဒုတိယ မျိုးလောက် မများပါ။
၄ BJ အစစ်ခေါ် BJ ဟု ကျောက်သမားများခေါ်ကြပါသည်။ မည်းနက် နေပြီး မီးထိုးလျင်လည်း ဘာအရောင်မှ မပြပါ။ BJ ထဲ တွင် သက်တမ်း အမြင့်ဆုံး၊ မာခြင်း အမြင့် ဆုံး အလှဆုံးသော တကယ့် ရတနာ ဖြစ်ပါသည်။ နိုင်ငံခြားသားများ အကြိုက်ဆုံးသော တကယ့်ရတနာ ဖြစ်ပါသည်။
ထို့ကြောင့် BJ ခေါ် Black Jade အမဲရောင် ကျောက်စိမ်းအား ဝယ်ယူရာတွင် သတိရှိပါရန် တန်ဖိုး သိကြပါရန် စေတနာထား တင်ပြခြင်းဖြစ်ပါသည်။
Crd poto


Jades and Gems

ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ဗဟုသုတ နဲ့ သိထားသင့်သည်များ

  ကျောက်စိမ်းအတုများနှင့် အတုလုပ်နည်းမျိုးစုံ ******************************** ကျောက်စိမ်းရာင်း၀ယ်သူတို့ မကြာခဏ တွေ့ကြုံရဆုံး အမှားအများဆုံး...